Monday, 27 April 2026

Boost တစ်ခါထဲလုပ်ပြီးတာနဲ့ ဈေးတန်းရောင်းကောင်းသွားမှာလား? 🤔📈

"Admin ရေ... Boost တစ်ခါလုပ်ရင် ရောင်းရမှာလား?"
"ရောင်းအားကို အာမခံလား?"
အွန်လိုင်းလုပ်ငန်းရှင်တော်တော်များများ မေးလေ့ရှိတဲ့ ဒီမေးခွန်းအတွက် Boosting Myanmar က ပွင့်ပွင့်လင်းလင်း အမှန်အတိုင်း ဖြေပေးပါရစေ။
အဖြေကတော့... "Boost တာဟာ လမ်းပွင့်အောင် လုပ်ပေးတာဖြစ်ပြီး၊ အရောင်းပိတ်တာကတော့ လူကြီးမင်းတို့ရဲ့ ပြင်ဆင်မှုပေါ် မူတည်ပါတယ်"
ဘာကြောင့်လဲဆိုတာ အချက် (၃) ချက်နဲ့ ရှင်းပြပေးမယ်နော်။ 👇
၁။ Boost ဆိုတာ "ဆိုင်းဘုတ်အကြီးကြီး ထောင်လိုက်တာ" ပါ 📢
Ads Boost လုပ်လိုက်တာဟာ လူသူမရှိတဲ့ လမ်းကြားထဲက ဆိုင်လေးကို လူစည်ကားတဲ့ လမ်းမကြီးဘေးမှာ ဆိုင်းဘုတ်အကြီးကြီးသွားထောင်ပေးလိုက်တာနဲ့ တူပါတယ်။ လူတွေအများကြီး မြင်သွားအောင် (Reach ရအောင်) ကျွန်တော်တို့က လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူမြင်တိုင်း ဆိုင်ထဲဝင်မဝင်ဆိုတာကတော့...
၂။ "Content" က ဒုတိယအဆင့် ဆွဲဆောင်မှုပါ ✨
လူတွေမြင်တဲ့အခါ ဆိုင်ထဲဝင်လာဖို့ဆိုရင် (Message ပို့ဖို့ဆိုရင်) သင့်ရဲ့ ပုံလှလှလေးတွေ၊ စာသားအလန်းစားလေးတွေနဲ့ Phoenix Cargo လိုမျိုး ယုံကြည်ရတဲ့ ဝန်ဆောင်မှု (ဥပမာ- နိုင်ငံပေါင်း ၅၂ နိုင်ငံပို့ပေးတာ၊ Deli Free ပေးတာ) တွေ ရှိဖို့ လိုအပ်ပါတယ်။ Content ကောင်းမှသာ ဝင်ကြည့်တဲ့သူက "ဝယ်မယ်" လို့ ဆုံးဖြတ်မှာပါ။
၃။ "Admin ရဲ့ အရောင်းပိတ်ကျွမ်းကျင်မှု" 💬
Customer က ဆိုင်ထဲရောက်လာပြီ (Message Box ထဲရောက်လာပြီ) ဆိုရင်တော့ အရောင်းရ၊ မရဆိုတာ Admin ရဲ့ တုံ့ပြန်မှုပေါ်မှာ ၅၀% မူတည်သွားပါပြီ။ စကားပြောပြေပြစ်လား? မေးတာကို ချက်ချင်းဖြေလား? ယုံကြည်အောင် ပြောနိုင်လား? ဒါတွေက ရောင်းအားကို အဆုံးအဖြတ်ပေးတာပါ။
💡 အနှစ်ချုပ်ပြောရရင်တော့... Boost လုပ်တာဟာ "ဈေးရောင်းကောင်းဖို့ ပထမဆုံးနဲ့ အရေးကြီးဆုံး တံခါးပေါက်" ကို ဖွင့်ပေးလိုက်တာပါ။ ဒါပေမဲ့ ရောင်းအား တကယ်တက်ဖို့ဆိုရင် "ကောင်းမွန်တဲ့ Boost + ဆွဲဆောင်မှုရှိတဲ့ Content + ကျွမ်းကျင်တဲ့ Admin" ဒီ ၃ ခု ပေါင်းစပ်မှသာ ရလဒ်ကောင်းမှာ ဖြစ်ပါတယ်။
သင့်လုပ်ငန်းရဲ့ ပထမဆုံးတံခါးပေါက်ကို အကောင်းဆုံး ဖွင့်လှစ်နိုင်ဖို့ Boosting Myanmar က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။

Phone : 09751803877

No comments:

Post a Comment