Online ကနေ ရောင်းဝယ်ဖောက်ကားနေတဲ့ လုပ်ငန်းရှင်တိုင်းအတွက် "အချိန်" က တန်ဖိုးအရှိဆုံးပါပဲ။ Facebook ရော Instagram ပါ တစ်ပြိုင်တည်း ကိုင်တွယ်နေရတဲ့အချိန်တွေဆို ပိုပီးလူပင်ပန်းပါတယ်။
ဒါဆိုရင်တော့ Meta Business Suite ကို အခုပဲ အသုံးချကြည့်လိုက်ရင် သင့်လုပ်ငန်းအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲဆိုတာ ဖတ်ကြည့်ရအောင် 👇
✅ ၁။ တစ်ချက်နှိပ်ရုံနဲ့ Platform နှစ်ခုလုံးမှာ Post တင်မယ်
Facebook အတွက်တစ်ခါ၊ Instagram အတွက်တစ်ခါ သီးခြားစီ တင်နေစရာ မလိုတော့ပါဘူး။ တစ်နေရာတည်းကနေ ပုံတွေ၊ Video တွေကို Platform နှစ်ခုလုံးမှာ တစ်ပြိုင်တည်း တင်နိုင်လို့ အချိန်ကုန် သက်သာစေပါတယ်။
✅ ၂။ အိပ်နေချိန်မှာတောင် Post တွေက အလိုအလျောက် တက်နေမယ်
တစ်နေကုန် ဖုန်းကိုင်ပြီး Post တင်ဖို့ စောင့်နေစရာ မလိုပါဘူး။ တစ်ပတ်စာ ဒါမှမဟုတ် တစ်လစာ Content တွေကို ကြိုတင်ပြီး Schedule (အချိန်သတ်မှတ်) လုပ်ထားလိုက်ပါ။ ကိုယ်အလုပ်ရှုပ်နေချိန်မှာတောင် Page က Post တွေ ပုံမှန်တက်နေမှာပါ။
✅ ၃။ Message တစ်ခုမှ လွတ်မသွားစေရဘူး
Messenger ကလာတဲ့စာရော၊ Instagram Direct ကစာတွေကိုပါ တစ်နေရာတည်းမှာ စုပြီး ပြန်လို့ရပါတယ်။ ဒါ့အပြင် Customer တွေ ခဏခဏမေးလေ့ရှိတဲ့ မေးခွန်းတွေကို Auto-Reply လုပ်ထားလို့ရတဲ့အတွက် Customer က မေးလိုက်တာနဲ့ ချက်ချင်းပြန်ဖြေပေးနိုင်မှာပါ။
✅ ၄။ ဘယ် Post တွေက လူကြိုက်အများဆုံးလဲဆိုတာ သိနိုင်မယ်
ကိုယ့်ရဲ့ Page မှာ ဘယ်လိုပုံစံတွေ တင်ရင် Customer တွေ ပိုစိတ်ဝင်စားလဲဆိုတာကို Report လေးတွေနဲ့ အလွယ်တကူ ကြည့်နိုင်ပါတယ်။ ဒါမှ နောက်ပိုင်းမှာ Customer အကြိုက် Content တွေကို ပိုပြီး ဖန်တီးနိုင်မှာပါ။
💡 အနှစ်ချုပ်ပြောရရင် Meta Business Suite ဆိုတာ သင့်လုပ်ငန်းရဲ့ "Digital အကူလက်ထောက်" ပါပဲ။ အချိန်ကုန်သက်သာစေတယ်၊ စနစ်ကျစေတယ်၊ ရောင်းအားကို ပိုအာရုံစိုက်လာနိုင်စေပါတယ်။
📩 ပိုမိုသိရှိလိုပါက Messenger မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်။
Meta Business Suite Link at Playstore :https://play.google.com/store/apps/details?id=com.facebook.pages.app
#MetaBusinessSuite
#DigitalMarketingMyanmar
#OnlineBusinessTips
#SocialMediaManagement
#BusinessGrowth
#MyanmarEntrepreneur

No comments:
Post a Comment