Wednesday, 10 June 2026

ဒီရက်ပိုင်း Facebook အကောင့်တွေ ခဏခဏ Lock ကျပြီး Session Expired ဖြစ်နေလို့ စိတ်ညစ်နေရပါသလား?

မင်္ဂလာပါ လုပ်ငန်းရှင်များနှင့် အွန်လိုင်းအသုံးပြုသူတို့ရေ... ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံက Facebook User တော်တော်များများဟာ သူတို့ရဲ့ Personal Account တွေရော၊ လုပ်ငန်းသုံး Page အကောင့်တွေပါ အကြောင်းပြချက်မရှိဘဲ Lock ကျသွားတာ၊ Checkpoint မိတာနဲ့ စကားဝှက် (Password) မှန်နေပေမယ့် ဝင်မရဘဲ ထွက်ထွက်သွားတဲ့ ပြဿနာတွေကို ဆက်တိုက် ကြုံတွေ့နေရပါတယ်။

ဒါဟာ Meta ဘက်က စနစ်ပိုင်းဆိုင်ရာ Update ပြုလုပ်နေတာ (System Bug) ကြောင့် ဖြစ်နိုင်သလို၊ ကျွန်တော်တို့ဘက်က မသိလိုက်ဘဲ လုပ်မိတဲ့ အမှားအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သင့်အကောင့်ကို လုံခြုံစိတ်ချရအောင်နဲ့ Lock ထပ်မကျအောင် အရေးကြီးဆုံး ရှောင်ရန်/ဆောင်ရန် အချက် (၅) ချက်ကို Boosting Myanmar က မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 👇

🛠️အကောင့်မကျအောင် ဘာတွေလုပ်ရမလဲ?

နံပါတ်တစ် - Two-Factor Authentication (2FA) ဖွင့်ထားပါ 🔐
အကောင့်ထဲကို ဖုန်းနံပါတ် (သို့) Authenticator App နဲ့ Double Protection ခံထားပါ။ အကောင့် Lock ကျသွားရင်တောင် ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း သက်သေပြပြီး ပြန်ဖွင့်ရလွယ်ကူစေပါတယ်။

နံပါတ်နှစ်- VPN အသုံးပြုမှုကို သတိထားပါ 🌐
ဒီရက်ပိုင်းမှာ VPN တည်နေရာ (Location) ကို ခဏခဏ ပြောင်းပြီး Facebook သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။ တစ်နာရီအတွင်း နိုင်ငံတွေ နေရာစုံပြောင်းနေရင် Facebook ရဲ့ Security စနစ်က သင့်အကောင့်ကို Hack ခံရတယ်လို့ ယူဆပြီး ချက်ချင်း Lock ချပစ်တတ်ပါတယ်။ (ဖြစ်နိုင်ရင် VPN တစ်ခုတည်းကိုပဲ ငြိမ်အောင် သုံးပါ)။

နံပါတ်သုံး-  Devices အသစ်တွေကနေ အတင်းဝင်ခြင်း (Login) ရှောင်ပါ 📱
ဖုန်းအသစ်၊ ကွန်ပျူတာအသစ်တွေကနေ တစ်ပြိုင်နက်တည်း Password တွေ လျှောက်ရိုက်ပြီး ဝင်တာမျိုးကို ခေတ္တရှောင်ကြဉ်ပါ။ ကိုယ်အမြဲသုံးနေကျ Device တစ်ခုတည်းကနေပဲ ငြိမ်ငြိမ်လေး သုံးပေးတာ အကောင်းဆုံးပါ။

နံပါတ်လေး-  Page post share တာတွေ Page  မှာ မက်ဆေ့ခ်ျပြန်တာတွေ အလွန်အကျွံ မလုပ်ပါနဲ့ ⚠️
Post တွေကို Group တွေထဲ အတင်း Spam လိုက်ရှယ်တာ၊ တစ်မိနစ်အတွင်း မက်ဆေ့ခ်ျတွေ ရာနဲ့ချီ အတင်းပြန်တာမျိုး လုပ်ရင် Facebook Bot က သင့်ကို လူမဟုတ်ဘဲ စက်ရုပ် (Automation) လို့ သတ်မှတ်ပြီး အကောင့်ပိတ်ပစ်တတ်ပါတယ်။

နံပါတ်ငါး-  အကောင့် Profile နာမည်နဲ့ မွေးသက္ကရာဇ်ကို မှတ်ပုံတင်အတိုင်း ပြင်ထားပါ 🪪
ဒါက အသက်သွေးကြောပါ။ တကယ်လို့ အကောင့် Lock ကျသွားခဲ့ရင် Facebook က မှတ်ပုံတင် (သို့) လိုင်စင် တောင်းတတ်ပါတယ်။ အကောင့်ထဲက နာမည်နဲ့ ကိုယ့်မှတ်ပုံတင်က နာမည် တူနေမှသာ အကောင့်ကို ရာနှုန်းပြည့် ပြန်ရမှာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ Personal Account တစ်ခုတည်းအပေါ်မှာပဲ ပုံအောပြီး အားမကိုးသင့်ပါဘူး။ အရေးကြုံလာရင် အရန်သုံးနိုင်ဖို့အတွက် Page ရဲ့ Content တင်တာ၊ Admin အပိုင်းတွေကို Professional Page Management အဖွဲ့အစည်းတွေနဲ့ လက်တွဲထားတာက သင့်လုပ်ငန်းကို အနှောင့်အယှက်မရှိ လည်ပတ်စေနိုင်မှာပါ။

ကိုယ့်အကောင့်ကို လုံခြုံရေးအပြည့်လုပ်ထားတာက... ပြဿနာတက်မှ ပိုက်ဆံအကုန်ခံပြီး လိုက်ပြင်ရတာထက် အများကြီး သက်သာပါတယ် အားလုံးပဲ အကောင့်လေးတွေ လုံခြုံကြပါစေခင်ဗျာ။ 🎯

📞 Page Security နှင့် Page Management အတွက်တိုင်ပင်ရန်: 09-751803877

🌐 Website: www.boostingmyanmar.asia

💬 Message: Page Chat Box ကနေလည်း အခမဲ့ ဆွေးနွေးနိုင်ပါတယ်။

#FacebookLock #FacebookSecurity #SessionExpired #DigitalMarketingMyanmar #BoostingMyanmar #AccountSafety #PageManagement

No comments:

Post a Comment